သဲသဲလေး ဖတ်ဘို့
********
တိုက်ဆိုင်မှုရှိမှ လွမ်းနေတာမဟုတ်
အချိန်တိုင်း သဲသဲကိုလွမ်းနေမိတာပါ..
တို့သဲသဲကို မေ့ပစ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲမိပါတယ် ကြိုးစားလိုက်တိုင်း
ပိုလို့ပိုလို့ တိုးလာတဲ့ ဒီအချစ်တွေကို တို့ဘယ်လိုရပ်တန့်ပစ်ရမှာလဲ...
ခုရက်ထဲမှာ တို့လေသဲသဲလေးနဲ့စကားပြောရတာအရင်လိုလို မဟုတ်ဘူး သဲသဲလေး တို့အပေါ် ပြောင်းလဲနေတာတွေ အများကြီးတွေ့ခဲ့ရပါတယ်
တို့လေးမနက်တိုင်းသဲသဲနဲ့စကားပြောတဲ့အခါ အသံတိတ်ငိုကြွေးခဲ့ရပါတယ် ရင်ထဲကစကားတွေပြောတိုင်းမသိချင်ယောင်ဆောင်တယ်
တို့ရင်ထဲမှာ နာကျင်ခဲ့ရပါတယ်
တို့လေ နေတိုင်းမျက်ရည်ကျခဲ့ရပါတယ်နာကျင်ခြင်းဆိုတာ တို့အတွက်
အလှပဆုံး ကဗျာတစ်ပုဒ်
ဖြစ်ဖြစ်သွားခဲ့တာ သဲသဲကိုပဲ
ကျေးဇူးတင်ရမှာလား...
နာရီနဲ့ မိနစ်တွေ့ဆုံးတိုင်း
တို့လေ..သဲသဲကိုလွမ်းတယ်
တိမ်တွေ ပင့်သက်ရှိုက်လိုက်တိုင်း
တို့....ငိုကြွေနေမိတယ်
နှလုံးသားထဲက တစ်ဆစ်ဆစ်နာကျင်လာတိုင်း
တို့...သဲသဲကို ပိုလို့ပိုလို့တိုးလို့ချစ်နေခဲ့မိတယ်ဆိုတာ
သဲသဲကိုသိစေချင်လိုက်တာ
နတ်သ္မီးရင်တွင်းဖြစ်
သဲသဲလေးဖတ်ဘို့
Ditulis oleh:
Unknown - Saturday, February 13, 2016


0 comments "သဲသဲလေးဖတ်ဘို့", Baca atau Masukkan Komentar
Post a Comment